Monday, May 30, 2016
bbc new
ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ ထဲ ပါဝင်ခဲ့တဲ့ အဓိက အတိုက်အခံ အုပ်စုရဲ့ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် မိုဟာမက်ဒ် အလုရှ် တာဝန်ကနေ နှုတ်ထွက် သွားပါတယ်။
၅ နှစ်ကြာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ် ရပ်စဲ နိုင်ရး အတွက် ရည်ရွယ် ကျင်းပတဲ့ ငြိမ်းချမ်းရေး စကားဝိုင်းတွေဟာ မအောင်မြင် ခဲ့ဘူးလို့ မိုဟာမက်ဒ် အလုရှ် က ဆိုပါတယ်။
ကုလ သမဂ္ဂ အဖွဲ့က ကမကထလုပ် ကျင်းပ ပေးတဲ့ ဂျနီဗာ ဆွေးနွေးပွဲတွေ ကနေ နိုင်ငံရေး သဘောတူမှု တစုံတရာ မရရှိ နိုင်ခဲ့သလို၊ ဆီးရီးယား နိုင်ငံထဲ လက်နက်ကိုင်တပ် တွေက ပိတ်ဆို့ ထားတာ ခံနေရတဲ့ ဒေသတွေက အရပ်သားတွေ အတွက်လည်း အေးချမ်း သက်သာအောင် မဆောင်ကြဉ်း ပေးနိုင်ခဲ့ဘူးလို့ အတိုက်အခံတွေရဲ့ အဆင့်မြင့် ညှိနှိုင်းရေး ကော်မတီ အဖွဲ့ ခေါင်းဆောင် မစ္စတာ အလုရှ်က ပြောပါတယ်။
ဂျနီဗာ ဆွေးနွေးပွဲတွေမှာ ပါဝင်မှုကို အဲဒီ့ ကော်မတီက ပြီးခဲ့တဲ့ ဧပြီလတုန်းက ဆိုင်းငံ့ ခဲ့ပြီး၊ စကားဝိုင်းတွေ ဘယ်အချိန် ပြန်စနိုင်မလဲ ဆိုတာ ရက် မသတ်မှတ် နိုင် ဖြစ်နေပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment