Wednesday, June 1, 2016

ထိုင်းတွင်မြန်မာလုပ်သမားများတင်ဆောင်လာသည့်ကားမှောက်

မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ကုန်တင်ကားမှောက် (၁)ဦးသေ(၁၅)ဦးဒဏ်ရာရ 31May2016 ယနေ့ မနက် (၈) နာရီက ထိုင်းနိုင်ငံ ရပ်ချဘူရီ ခရိုင်အတွင်း မြန်မာနိုင်ငံ သား ဆောက်လုပ်ရေး အလုပ်သမား တွေကို တင်ဆောင် မောင်းနှင်လာတဲ့ ကုန်တင် ခြောက် ဘီးကား လိုင်းစင်နံပါတ် 81-0780 Lampang (လန်ပန်း) နဲ့  ပစ်ကပ် ကားငယ်တစင်းတို့  စိုင်ဂျေဒီ လမ်းမ မှာ တိုက်မိခဲ့ကြောင်း သိရပါတယ်။ ကုန်တင်ကားမှောက်ခဲ့လို့  ကားပေါ်မှာပါလာတဲ့ မြန်မာနိုင်ငံသား ကျော်ဝင်း (၄၉) နှစ် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁၅ ဦးဒဏ်ရာရပါတယ် လေးဦးဟာ စိုးရိမ်ရတယ် လို့  ကယ်ဆယ်ရေးအဖွဲ့ တွေက ပြောပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ တွေရောက်မလာခင် ထိုင်းရွာသား ၂၀ ကျော်က ကုန်တင်ကားပိနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ကြိုးစားကယ်တင်ပေး ခဲ့ကြတယ်လို့  သိရပါတယ်။ ကုန်တင်ကားနဲ့  တိုက်မိတဲ့ ကားငယ်ပေါ်မှာ ကျောင်းလိုက်ပို့ တဲ့ မိသားစုတွေဖြစ်ပြီး ခလေးငယ် နှစ်ယောက်နဲ့  လူကြီးသုံးဦးတို့ လည်း ဒဏ်ရာအသီးသီးရ သွားခဲ့ပါတယ်။ ဒဏ်ရာရတဲ့ လူနာတွေ ကို ရပ်ချဘူရီ မြို့ နယ်ဆေးရုံ Ratchaburi Hospital မှာအရေးပေါ်ကုသပေးနေကြောင်းသိရပါတယ်။ Social Action for Women - SAW

No comments:

Post a Comment