Friday, June 3, 2016

အဝတ်ခေါက်စက်



စက္ကန့်ပိုင်းအတွင်း အဝတ်တွေကို အပြီးခေါက်ပေးမယ့် အဝတ်ခေါက်စက်

===================
===================

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုက ကုမ္ပဏီတစ်ခုဟာ အဝတ်ထည့်ပေးလိုက်ရင် အလိုက်အလျောက်ခေါက်ပေးမယ့် စက်ကို တီထွင်လိုက်ပါတယ်။

အကျယ် ၂၈ လက်မ၊ အရှည် ၃၂ လက်မ ရှိတဲ့ အဆိုပါစက်ဟာ လူသားရဲ့ အကူအညီမလိုဘဲ အဝတ်အစားတွေကို ခေါက်ပေးမှာ ဖြစ်ပါတယ်။

အဝတ်ကို စက်ထဲထည့်လိုက်ကာ ခေါက်ချင်တဲ့အမျိုးအစားကို ညွှန်ကြားရုံပဲ ဖြစ်ပြီး ခေါက်ချိန်ဟာ စက္ကန့်ပိုင်းပဲ ကြာတယ်လို့ သိရပါတယ်။

FoldiMate လို့ ခေါ်တဲ့ အဆိုပါစက်ရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ခုနှစ်ရာကနေ ၈၅၀ ထိ ရှိမှာ ဖြစ်ပြီး ၂၀၁၈ မှာ ဈေးကွက်ထဲ ရောက်ရှိလာမယ်လို့ သိရပါတယ်။

Photos & Source : Daily Mail

============

Duwun

No comments:

Post a Comment