မန္တလေးမြို့တွင် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် လူငယ်သုံးဦးက အောက်မေ့ဖွယ် ဂရပ်ဖစ်တီပုံ ရေးဆွဲဂုဏ်ပြု
မန္တလေးမြို့တွင် ၆၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် လူငယ် ဂရပ်ဖစ်တီပညာရှင် သုံးဦးက ယနေ့(ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းမှ စတင်ကာ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ကြီး ကိုးဦး၏ အောက်မေ့ဖွယ် အထိမ်းအမှတ် ဂရပ်ဖစ်တီပုံများကို ၃၄ လမ်း နှင့် ၃၅ လမ်းကြားရှိ န၀ရတ်အိမ်ရာ အတွင်း ရေးဆွဲဂုဏ်ပြု ခဲ့ကြသည်။
ထိုသို့ ဂုဏ်ပြုရေးဆွဲရာတွင် အနီရောင်ဆေးသား နောက်ခံဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ၏ ရုပ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် အာဇာနည်ကုန်း အထိမ်းအမှတ်ပုံပါ ဇူလိုင် ၁၉ စာသားများအား ရေးဆွဲဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
■ ဌေးလှအောင်၊ ရန်ပိုင်
■ ဓာတ်ပုံ- ဌေးလှအောင်
No comments:
Post a Comment