Friday, July 22, 2016

ထိုင်းနိုင်ငံကပြည်ပြေးဘုန်းကြီး

ထိုင်းနိုင်ငံက ကိုယ်ပိုင်ဂျက်လေယာဉ်ပိုင်ဆိုင်တဲ့ ပြည်ပြေးဘုန်းတော်ကြီး လောင်ပုနင်းခမ်းကို အမေရိကန်ပြည်ထောင်စု တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်ပါတယ်။

ထိုင်းကနေ ၃ နှစ်အကြာ ထွက်ပြေးတိမ်းရှောင်ပြီး အမေရိကန်မှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်တောင်းခံထားတဲ့ လောင်ပုနင်းခမ်းအား ဖမ်းဆီးလိုက်တာကို ဇူလိုင် ၂၂ ရက်မှာ သတိထားမိတယ်လို့ ထိုင်းအထူးစုံစမ်းရေးဌာန (ဒီအက်စ်အိုင်) အကြီးအကဲ ပိုင်ဆစ်ဝေါင်မောင်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။

အထွေထွေရှေ့နေချုပ်ရုံးနဲ့ ဒီအက်စ်အိုင်ဒီတို့ ပူးပေါင်းပြီး လောင်ပုနင်းခမ်းကို ထိုင်းနိုင်ငံ လွှဲပြောင်းပေးရေး ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။

ကလေးသူငယ်တွေကို ဖြားယောင်းသွေးဆောင်မှု၊ လိမ်လည်မှု၊ ငွေကြေးခ၀ါချမှု၊ အသက်မပြည့်သူကို အတင်းအဓမ္မ ပြုကျင့်မှုတွေနဲ့ လောင်ပုနင်းခမ်းကို ဒီအက်စ်အိုင်က အလိုရှိနေတာ ဖြစ်ပါတယ်။

သံသယရှိသူကို ဘာပုဒ်မတွေနဲ့ အမေရိကန်က စွဲဆိုထားသလဲဆိုတာကို အမေရိကန် တရားရုံးရဲ့ သတိပေးချက်ကို စောင့်ဆိုင်းနေတယ်လို့လည်း ဆိုပါတယ်။

၂၀၁၃ ခုနှစ်က ဘုန်းတော်ကြီးဟာ နိုင်ငံရပ်ခြားကို ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ သွားခဲ့တဲ့ ရုပ်သံဖိုင် ပျံ့နှံ့ခဲ့ပါတယ်။

အကောင်းစား နေကာမျက်မှန်နဲ့ အိတ်တွေကို အသုံးပြုသလို ဇိမ်ခံကား ၁၀၀ ကျော်နဲ့ မြေတွေ အမြောက်အမြားလည်း ဘုန်းတော်ကြီးက ပိုင်ဆိုင်ထားပါတယ်။

ဒီအတွက် ထိုင်းတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ရာမှာ သူက ထိုင်းကနေ ပြင်သစ်ကို ထွက်ပြေးခဲ့ပါတယ်။ ဒီနောက်မှာတော့ အမေရိကန်မှာ သွားရောက်နေထိုင်နေတာ ဖြစ်ပါတယ်။

No comments:

Post a Comment