Thursday, June 2, 2016

မော်လမြိုင်အကျည်းထောင်တွင်ထောင်ပိုင်များမူးယစ်ဆေးဖမ်းမိ

မော်လမြိုင်အကျဉ်းထောင်တွင်း
မူးယစ်ဆေးဝါးများဖမ်းမိ
       မော်လမြိုင်အကျဉ်းထောင်တွင်း
ထောင်ပိုင်ဦးခင်မောင်ကြီးနှင့်ဒုထောင်ပိုင်ဦးစိုးနိုင်တို့
ကိုယ်တိုင်မူးယစ်ဆေးဝါးများရောင်းဝယ်သုံးစွဲနေကြကြောင်း
သတင်းများအရအကျဉ်းဦးစီးဌာနနေပြည်တော်
ဌာနချုပ်မှညွှန်ကြားရေးမှူးးဦးသောင်းတင်ဦးစီးပြီး
မွန်ပြည်နယ်ရဲတပ်မှူးရုံးမှရဲအင်အားသုံးဆယ်
် မွန်ပြည်နယ်တွင်းအကျဉ်းစခန်းများမှတပ်သား
ငါးဆယ်ခန့်နှင့်အတူမော်လမြိုင်ထောင်အား
ရှောင်တခင်ပိတ်ဆို့ပြီးစီးနင်းရှာဖွေရာ ဒုထောင်ပိုင်
ဦးစိုးနိုင်၏အလုပ်ရုံးခန်ွးဲဖြစ်သောအကျဆောင် ၃ ၏
အောက်ထပ်စားပွဲအတွင်းမှ စိတ်ကြွဆေးငါးရာသုံးဆယ်
ပြားနှင့်အတူငွေတစ်ဆယ့်ခြောက်သိန်း Red Rubby
ဆေးလိပ်တစ်တောင့်လျှင်ဆယ်ဘူးပါသုံးဆယ့်ငါးတောင့်
MPT ဆင်းကဒ်နှင့်အော်ဒီဒူးဆင်းကဒ်များပါ့်
Huawei ဟန်းဆက်ငါးလုံး ငွေဖြည့်ကဒ်သုံးထောင်တန်
ဆယ်ကဒ်အားတွေ့ရှိရ်ျ်ထပ်မံရှာဖွေရာဆန်အိတ်များ
ထားသောရိက္ခာဂိုဒေါင်တွင်းရှိထုပ်တန်းပေါ်မှစိတ်ကြွဆေး
နှစ်ထောင့်ခြောက်ရာရှစ်ဆယ်လေးပြားကိုထပ်မံသိမ်းဆည်း
ရရှိခဲ့သည်။
      ဖမ်းဆီးရမိသောမူးယစ်ဆေးများကိုရှာဖွေပုံစံဖြင့်သိမ်းဆည်းရ်ျ
ထောင်ပိုင်၏ရုံးခန်းတွင်အပ်ထားပြီးဆက်လက်ရှာဖွေရာ
ထောင်ပိုင်ဦးခင်မောင်ကြီးမှယင်းမူးယစ်ဆေး
များကိုအစဖျောက်လိုက်သဖြင့်ထောင်ပိုင်ဦးခင်မောင်ကြီး ဒုထောင်ပိုင်
ဦးစိုးနိုင်နှင့်အခြားထောင်အရာရှိသုံးဦးစုစုပေါင်းငါးဦးကိုဖမ်းဆီးလိုက်သည်။
      မေလလယ်ခန့်ကမော်လမြိုင်ထောင်တွင်းစိတ်ကြွဆေးလေးဆယ့်
သုံးပြားကိုအကျဉ်းသားအောင်စိုးထံမှဖမ်းမိရာနောက်အမှုထက်မတိုး
ချင်ရင်ငွေသိန်းနှစ်ဆယ်ပေးရမည်ဟုဒုထောင်ပိုင်ဦးစိုးနိုင်မှငွေညှစ်
သဖြင့်အကျဉ်းသားအာင်စိုး၏ဇနီးဖြူဖြူသက်မှဦးစိုးနိုင်ကိုသိန်းနှစ်ဆယ်
ပေးခဲ့ရသည်ကိုမကျေနပ်ရ်ျတိုင်ကြားခဲ့ရာမှအစပြုရ်ျရှောင်တခင်စစ်ဆေးရာမှ
ယခုကဲ့သို့မူးယစ်ဆေးများထပ်မံဖမ်းဆီးရမိခြင်းဖြစ်ကြောင်း
     မော်လမြိုင်ထောင်ပိုင်ဦးခင်မောင်ကြီးနှင့်ဒုထောင်ပိုင်ဦးစိုးနိုင်ပါငါးဦးတို့ကိုဖမ်း
ဆီးပြီးဘားအံအကျဉ်းထောင်တွင်ထိန်းသိမ်းထားရ်ျဆက်လက်စစ်ဆေးဖော်ထုတ်နေကြောင်းသိရှိရသည်။်

No comments:

Post a Comment