ထန်းရည်တွင်လူအတွက်လိုအပ်သော ဗီတာမင်များအပြည့်ပါဝင်သည်ဟုဆို
မြန်မာနိုင်ငံမှရရှိသော ပင်ကျထန်းရည်တွင် လူတို့အတွက်လိုအပ်သော ဗီတာမင်များအပြည့်ပါဝင်သည်ဟု အမေရိကန်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ပါရဂူ ဒေါက်တာမာတင်ကိုမှဆိုပါသည်။
ပင်ကျထန်းရည်စစ်စစ်သည် လူတို့အတွက်လိုအပ်သော အသားအရည်ပြည့် ၀မှု ကိုယ်တွင်းစွမ်းအား အရည်ပြားဆိုင်ရာပြသနာများအတွက် အဖြေများဖြစ်သော ဗီတာမင်များအပြည့်ပါဝင်သည်ဟု ဆိုပါသည်။ ၄င်းထန်းရည်ကိုတစ်နေ့တစ်လီတာသောက်သုံးပါက အသားအရည်စိုပြေခြင်း၊ အသက်ရှည်ခြင်း၊ အရွယ်တင်ခြင်းအပြင် ကိုယ်တွင်းကလီစာများရှိ ကျောက်ကပ်နှင့် အစာအိမ် အူလမ်းကြောင်းကိုပါ အင်အားတိုးတက်စေသည်ဟုဆိုပါသည်။
ထို့ပြင်၎င်းပါရဂူမှ " ထန်းရည်စစ်စစ်ကိုသောက်ရင်အမျိုးသမီးတွေအတွက် လည်းအလှပိုစေတယ် အထူးသဖြင့်အမျိုးသားတွေသောက်တဲ့အခါ ကိုယ်တွင်းဓာတ်တွေနဲ့ဓာတ်ပြုပြီး အသားအရည်ကိုကြည်လင်စေတယ် ထန်းရည်သောက်တဲ့သူနဲ့ မသောက်တဲ့သူချိန်ထိုးကြည့်လိုက်တဲ့အခါ ပုံမှန်သောက်သူက အသားအရည်လှတယ် အမျိုးသားတွေအတွက် ယောက်ျားပိုပီသစေတယ် အကျိုးတွေကတော့အများကြီးပေါ့ တစ်နေ့ကိုအနည်းဆုံး ၁ လီတာလောက် သောက်သင့်တယ်" ဟုပြောကြားသွားပါသည်။
No comments:
Post a Comment